ပျော်ဘွယ်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်သင့်ပြည်သူများအတွက် ဆန်ပေးအပ်ပွဲကျင်းပ

ပျော်ဘွယ် ဇူလိုင် ၁၃

မန္တလေးမြေငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျော်ဘွယ်မြို့နယ်အတွင်း ဘေးအန္တရာယ်ကျရောက်ခဲ့ရသည့်ပြည်သူများအား ဆန်များပေးအပ်ပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးက ဘေးအန္တရာယ်သင့် ပြည်သူများအတွက် နိုင်ငံတော်မှပေးအပ်နေမှုများရှိသလို အလှူရှင်များကလည်း လာရောက်လှူဒါန်းမှုများရှိပါကြောင်း၊ နိုင်ငံတော်မှပေးအပ်သည့် ပစ္စည်းများကိုလည်း မိမိတို့အနေဖြင့် ပြည်သူများထံအချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ နိုင်ငံတော်မှပေးအပ်သည့်ဆန်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထပ်ဆင့်ပေးအပ်ရာ မြို့နယ်အတွင်းရှိ ငလျင်ဘေးအန္တရာယ်သင့်ပြည်သူများက လက်ခံရယူခဲ့ကြောင်း၊ နိုင်ငံတော်မှပေးအပ်သည့်ဆန်များကို အိမ်ထောင်စုတစ်စုလျှင်(၁၆)ပြည်နှုန်းဖြင့် အိမ်ထောင်စုပေါင်း(၁၅၂၄) စုအတွက် ‌ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပြန်/ဆက်)