မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးးကုသဆောင်ရွက်

မြစ်သား ဇူလိုင် ၁၃                

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရှမ်းပွဲရပ်ကွက်အတွင်းရှိ ပြည်သူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများကဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ(၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က ကုသပေးခဲ့ကြောင်း သိရသည်။

ထိုသို့ နယ်လှည့်ကွင်းဆင်းကျန်းမာရေးကုသဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။ ဆက်လက်၍ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက ရှမ်းပွဲရပ်ကွက်အတွင်းရှိ‌ အ‌‌ထွေထွေ‌ရောဂါလူနာများ၊ ကိုယ်ဝန်ဆောင်နှင့် သားဖွားမီးယပ်လူနာများ၊ အရိုးအကြောနှင့်ပတ်သက်သည့်လူနာများ စုစုပေါင်းလူနာ(၁၂၀) ဦးကို ကျန်းမာရေးကုသ ဆောင်ရွက်‌ပေးခဲ့ကြောင်း  မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။

ဝါဝါမြင့်(ပြန်/ဆက်)