မိုင်းဆတ်မြို့၌ အခြေခံဖိနပ်ချုပ်သင်တန်းဆင်းပွဲကျင်းပ

မိုင်းဆတ် ဧပြီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အခြေခံဖိနပ်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁) နာရီခွဲက (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ် က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က သင်တန်းဆင်းလက်မှတ်ပေးအပ်ရာ သင်တန်းသူများ ကိုယ်စား မဝင်းဝင်းအိက လက်ခံရယူခဲ့ပြီး ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က သင်တန်းနည်းပြ ဆရာမ ဒေါ်ယဉ်ယဉ်အေးအား ဂုဏ်ပြုငွေ ပေးအပ်ချီးမြှင့်ခဲ့သည်။

ကိုယ်တိုင်ချုပ်ဖိနပ် တစ်ရံလျှင် ဒီဇိုင်းဆန်းပြားမှုပေါ်မူတည်၍ (၁၅၀၀၀) မှ (၁၇၀၀၀) ခန့်အထိ ရောင်းချနိုင်ခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေနိုင်သည့် လက်မူပညာတစ်မျိုးဖြစ်ကြောင်း သင်တန်းနည်းပြဆရာမထံမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)