မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေး

မာန်အောင်  ဧပြီ  ၆

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယမန် နေ့ နံနက်၁၁နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား စာအုပ်၊စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များအား  စာအုပ်၊စာစောင်ကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိုရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ ဝတ္တု၊မဂ္ဂဇင်း၊စာစောင်စသည့် စာအုပ်များဖြင့်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ရုံးရှိ ဝန်ထမ်း များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခဲ့သည်။

မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်သူများ အဆင်ပြေစေရန်  Mobile Libraryဖြင့်စာအုပ်စာစောင်များကိုတစ်ပတ်ငှားရမ်းပြီး အသစ်လှဲလှယ်ပေးသည့်စနစ်ဖြင့် အပတ်စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)