(၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်အမှတ် ပြည့်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 02,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ယနေ့နံနက် ၈ နာရီက (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအနီးရှိ စကြာပန်းတောင်းစေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။