ပြင်ဦးလွင်မြို့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြီးမှူး၍ ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာ သင်တန်းဖွင့်လှစ်
Dec 14,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြီးမှူး၍ ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သင်ကြားခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းအောင်ကြည်၊ ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်မီးသတ် တပ်ဖွဲ့တို့မှ ခရိုင်ဦးစီးမှူးများ၊ ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ စုံလင်စွာတက်ရောက်သည်။