ကမမောင်း ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံပင်များဖြစ်သည့် ဘူးပင်နှင့် ရုံးပတီသီးပင်များ တပိုင်တနိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ကမမောင်းမြို့၌ တောင်သူများသည် မိသားစု တပိုင်တနိုင်စီးပွားရေးလုပ်ငန်းအဖြစ် မြေအောက်ရေကို အသုံးပြုပြီး စိုက်ပျိုရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးကြရာ ကမမောင်းမြို့ စျေးအတွင်း၌ သွားရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။
လက်ရှိမှာဘူးသီး(၁)လုံးလျှင် ငွေကျပ်၃၀၀၀ခန့်ရောင်းချပြီး ဖောက်သည်စျေးမှာ (၁)လုံးလျှင် ငွေကျပ်(၂၇၀၀)ခန့် ရောင်းချနေရပြီး ရုံးပတီသီးတစ်ပိသာလျှင် ငွေကျပ်(၃၀၀၀) အထိရောင်းချနေရလို့ နေ့စဥ်မိသားစုအပိုဝင်ငွေရရှိပြီး စီးပွားရေးလည်းတွက်ခြေကိုက်သည်ဟု သီးနှံစိုက်ပျိုးသည့် ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)