ရန်ကုန် ဒီဇင်ဘာ ၁၄
ကမ္ဘာ့ဘဏ်(World Bank)သည် နှစ်စဉ်မြန်မာ့စီးပွားရေးအခြေအနေကို စောင့်ကြည့်လေ့လာသုံးသပ်၍ တွေ့ရှိချက်များကို ခြောက်လတစ်ကြိမ်ခြုံငုံ၍ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာကို ပြုစုထုတ်ပြန်လျက်ရှိပြီး ၂၀၂၃ ခုနှစ်အတွက် ဒုတိယအကြိမ်မြောက် “ World Bank Myanmar Eonomic Monitor” ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် အသင်းချုပ်ဥက္ကဋ္ဌဦးအေးဝင်း၊ ကမ္ဘာ့ဘဏ်(World Bank)၏ Country Director of Myanmar, Cambodia and Lao PDR, Ms. Mariam Sherman တို့က အမှာစကားပြောကြားခဲ့ပြီး World Bank ၏ Senior Economist ဖြစ်သူ Mr. Kemoh Mansaray က Myanmar Economic Monitor Dec - 2023 တွေ့ရှိချက်များကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပခဲ့ရာ Mr. Kemoh Mansaray က Moderator အဖြစ်ဆောင်ရွက်ခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ်စာရင်းစစ်ဦးဝေဖြိုး၊ Resource Group Logistic , MD ဒေါ်အေးငြိမ်းသူ၊ Head of policy and strategy ဦးသက်ဇော်ထွေး၊ Mr. Kim Edwards(Program Leader and Senior Economist)တို့က စိုက်ပျိုးရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ(အထည်ချုပ်ကဏ္ဍ)၊ ထောက်ပံ့ရေးကွင်းဆက်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင် တွေ့ရှိရသောအခြေအနေများ၊ စိန်ခေါ်မှုများ၊ တိုးတက်အောင်မြင်ရန်နည်းလမ်းများနှင့် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်မည့်အချက်များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက မေးခွန်းများမေးမြန်းခဲ့ကြသည့်အပေါ် ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)