သတင်းများ

မုဒုံမြို့နယ်တွင် ဂန္ဓမာပန်း တနိုင်တပိုင် စိုက်ပျိုးရောင်းချသူများ အဆင်ပြေ
Dec 15,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ခိုက်ကျေးရွာတွင် ဂန္ဓမာပန်းများကို တနိုင်တပိုင် စိုက်ပျိုးရောင်းချသူများ နေ့စဥ်ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ငပုတောမြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်ထွန်တုံးပိတ် စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ
Dec 15,2023
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သင်္ကန်းကုန်းကျေးရွာ၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်ထွန်တုံးပိတ် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းအမှတ် ၁၇၅၆(ခ)၊ ဦးပိုင်အမှတ်(၆/၁) တောင်သူဦးခင်သောင်း၏ လယ်မြေ (၅.၀၀)ဧက ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ တက်ရောက်၍ ပိုက်ဆံလျှော် မျိုးစေ့များအား စုပေါင်းစိုက်ပျိုးကြပြီးအပင်များ စနစ်တကျရှင်သန်ကြီးထွားစေရေး အထူးအလေးထားဆောင်ရွက်မှာကြားပြီး တောင်သူလိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ငပုတောမြို့နယ်တွင် ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ဧက (၂၀၀၀) လျာထားသော်လည်း ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ထွန်တုံးပိတ် စိုက်ဧက (၂၀၀၂.၃၄) ဧက စိုက်ပျိုးနိုင်ကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် ဆောင်းသီးနှံပိုက်ဆံလျှော်(မျိုးစေ့ထုတ်) စိုက်ပျိုးခြင်း ကွင်းပိတ်ပွဲပြုလုပ်
Dec 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းသီးနှံပိုက်ဆံလျှော် (မျိုးစေ့ထုတ်) စိုက်ပျိုးခြင်းကွင်းပိတ်ပွဲကို လမ်းမတော်တောင်ရပ်ကွက် တောင်သူဦးလှရွှေ၏ ကွင်းအမှတ် (၁၆၉၂)၊ ဦးပိုင်အမှတ် (၂၅၆)၊ စိုက်ဧက (၂ . ၅၀) ဧကတွင် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကုန်းမြို့ မိုးပြာအရှေ့ အ.ထ.က(ခွဲ) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Dec 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ မိုးပြာအုပ်စု၊ မိုးပြာအ ရှေ့အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ငွေဆောင်​မြို့သို့ သွားဘက်ဆိုင်ရာတက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ်နှင့် ကျောင်းသား/သူများ အပန်းဖြေခရီး ရောက်ရှိ
Dec 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့ ယနေ့နံနက် ၁၀ အချိန်တွင် သွားဘက်ဆိုင်ရာတက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခချုပ်နှင့် နောက်ဆုံးနှစ် ကျောင်းသား/သူများ အပန်းဖြေရန်ရောက်ရှိလာရာ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့ဌာနဆိုင်ရာများမှ ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Dec 15,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက အ‌ခြေခံပညာမူလတန်းကျောင်း(ကော့ဘိန်း-၁)၌ ပြုလုပ်ခဲ့သည်။
ဝေါမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Dec 15,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများဖလှယ်နိုင်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဝေါမြို့အခြေခံပညာအလယ်တန်းကျောင်း၊ ကျိုက်လှ၌ ကျင်းပကြောင်းသိရသည်။
တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲ ကျင်းပ
Dec 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နေ့လယ် ၁ နာရီက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။