ငွေဆောင် ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့ ယနေ့နံနက် ၁၀ အချိန်တွင် သွား ဘက်ဆိုင်ရာတက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခချုပ်နှင့် နောက်ဆုံးနှစ် ကျောင်းသား /သူများ အပန်းဖြေ ရန်ရောက်ရှိလာရာမြို့အုပ်ချုပ်ရေးမှူးနှင့် မြို့ဌာနဆိုင်ရာများမှ ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ သွားဘက်ဆိုင်ရာတက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခချုပ်ဒေါက်တာရွှေတိုး ဦးဆောင်သော နောက်ဆုံးနှစ် ကျောင်းသား /သူ (၁၁၂) ဦးတို့သည် ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ငွေဆောင်မြို့၊ အမှတ် (၁) ရပ်ကွက်၊မြို့ပတ်လမ်းရှိ BOB ဟိုတယ်သို့ အပန်းဖြေခရီး ရောက်ရှိလာရာ မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဦးဆောင်၍ ငွေဆောင်မြို့မရဲစခန်း၊ စခန်းမှူး၊ တိုက်နယ်ဆရာဝန်၊ စည်ပင်ဦးစီးအရာရှိ၊ လျှပ်စစ်တာဝန်ခံ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် ဟိုတယ်တာဝန်ခံများမှ ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) အဖွဲ့သည် BOB ဟိုတယ်ရှိ အခန်းပေါင်း (၃၀) ၌ တည်းခိုအပန်းဖြေနေထိုင်မည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
R – 014 (ငွေဆောင်)