သတင်းများ

ပြင်ဦးလွင်မြို့ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများအား မျက်စိအခမဲ့ခွဲစိတ်ကုသခြင်းနှင့် မျက်မှန်တပ်ဆင်ရန် လိုအပ်သူများအတွက် မျက်မှန်အခမဲ့ပေးဝေခြင်းများ ဆောင်ရွက်
Dec 16,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြင်ဦးလွင်မြို့ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများအား မျက်စိအခမဲ့ခွဲစိတ်ကုသခြင်းနှင့် မျက်မှန်တပ်ဆင်ရန် လိုအပ်သူများအတွက် မျက်မှန်အခမဲ့ပေးဝေခြင်းများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Dec 16,2023
၂၀၂၃ ခုနှစ်၊ ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အသက် ၂၅ နှစ်အောက် ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက အ.ထ.က(၁) ညောင်ရွှေဘောလုံးကွင်း၌ ကျင်းပကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ ထူးချွန်စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Dec 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်းကျင်းပသော တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည်ပြပွဲ၊ပြိုင်ပွဲများကို ယမန်နေ့နံနက် ၈နာရီအချိန်က မှော်ဘီမြို့နယ်၊ သဲကုန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို  ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ကျင်းပ
Dec 16,2023
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဒီဇင်ဘာလ(၆)ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိပြီး ဒီဇင်ဘာလ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက အားကစားပြိုင်ပွဲများ၌ ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အသင်းများနှင့် ဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်တွင် ကျင်းပပြုလုပ်သည်။
မရမ်းကုန်းမြို့နယ် ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးအသင်း (၉)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ်
Dec 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း၏ (၉)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မကွေးတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေး
Dec 16,2023
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီက မကွေးတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်အတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေများကို လှည်လည်ကြည့်ရှုခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 16,2023
ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂၀၂၃ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး နယ်မြေခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိပါသည်။
လပွတ္တာမြို့နယ်တွင် Biometric ကောက်ယူခြင်းနှင့် UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်
Dec 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ (Biometric) ကောက်ယူခြင်းနှင့် (Unique ID) နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်က အမှတ်(၉) ရပ်ကွက်တွင် ဆောင်ရွက်ပေးလျက်ရှိသည်။