ငပုတော ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သင်္ကန်းကုန်းကျေးရွာ၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်ထွန်တုံးပိတ် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းအမှတ် ၁၇၅၆(ခ)၊ ဦးပိုင်အမှတ်(၆/၁) တောင်သူဦးခင်သောင်း၏ လယ်မြေ (၅.၀၀) ဧက၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များတက်ရောက်၍ ပိုက်ဆံလျှော်မျိုးစေ့များအား စုပေါင်းစိုက်ပျိုးကြပြီးအပင်များ စနစ်တကျရှင်သန်ကြီးထွားစေရေး အထူးအလေးထားဆောင်ရွက်မှာကြားပြီး တောင်သူလိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ငပုတောမြို့နယ်တွင် ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ဧက (၂၀၀၀) လျာထားသော်လည်း ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ထွန်တုံးပိတ် စိုက်ဧက (၂၀၀၂.၃၄) ဧက စိုက်ပျိုးနိုင်ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သင်္ကန်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရေး၌ အလယ်ကျွန်းဒေသ ကျေးရွာအုပ်စု (၂၂) အုပ်စုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့်တွေ့ဆုံကာ ၂၀၂၃-၂၀၂၄နှစ် စားသုံးဆီဖူလုံမှုရရှိစေရေးအတွက် ဆီထွက်သီးနှံနေကြာ၊ မြေပဲစိုက်ဧက လျာထားချက်များကို အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ နွေစပါးစိုက်ဧကလျာထားချက် များပြည့်မှီစေရေးနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်ကျော်ဝင်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ကျေးလက်
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သုံးခွကျေးရွာအုပ်စု၊ မန်ကျီးပင်ကျေးရွာအုပ်စု အသက်မွေးဝမ်းကြောင်း အဖွဲ့ (၄)မှ နေပူလှန်းဆား လုပ်ငန်းဆောင်ရွက် နေမှုနှင့် ဆားကြမ်းထုတ်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးကား ဝာာဝန်ရှိသူများအား အရည်အသွေးပြည့်မှီစေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)