ကျောင်းကုန်း ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ မိုးပြာအုပ်စု၊ မိုးပြာအ ရှေ့အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းကုန်းမြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ လူငယ်ရေးရာကော်မတီအဖွဲ့ဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည် ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌမှ ဘောလုံးတစ်လုံးနှင့်ခြင်းလုံးတစ်လုံးပေးအပ်ရာကျောင်းအုပ် ဆရာကြီးဦးသန်းနိုင် ကလက်ခံရယူခဲ့ပြီး၊ အမှတ်တရမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရလူငယ်နှင့်ကျန်းမာရေးကဏ္ဍအား Grade 10မှ မအိချောပိုကလည်းကောင်း၊ လူငယ်နှင့်စာပေကဏ္ဍအား Grade 12 မှ မမေသဇင် ကလည်းကောင်း၊လူငယ်နှင့်အနုပညာကဏ္ဍအား Grade 12 မှ မကြယ်စင်မှူး ကလည်းကောင်း၊ လူငယ်နှင့်အားကစားကဏ္ဍအား Grade 10 မှ နန့်သဟီပွားကလည်းကောင်း၊ လူငယ်နှင့်စည်းကမ်းကဏ္ဍအား Grade 11 မှ မောင်အာကာအောင်အောင်ကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်သူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
အခမ်းအနားအပြီး၌ ကျောင်းသား/ကျောင်း သူများ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များဖတ်ရှုစေခဲ့ပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)