ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါးရိတ်သိမ်းမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Dec 15,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများသည် မြို့နယ်တွင်း သမဝါယမအသင်းစုငွေများဖြင့် သွင်းအားစုပံ့ပိုးပေးထားသော စိုက်ပျိုးထားသည့်မိုးစပါးများ ရိတ်သိမ်းမှုအခြေအနေများကို ယနေ့နံနက် ၁၀ နာရီက ရွာသစ်ကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုကြသည်။