သတင်းများ

စလင်းမြို့ စည်ပင်သာယာမြို့မစျေးကြီး အတွင်းအပြင်ရောင်းချလျက်ရှိသည့် မုန့်ဆိုင်များအား စားသုံးရန်မသင့်သော အစားအသောက်(၃)မျိုးအား စျေးကွက်အတွင်း ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး
Dec 18,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ စည်ပင်သာယာမြို့မစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့်မုန့်ဆိုင် ကုန်စုံဆိုင်များအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးဆန်းလင်းမောင်နှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်(၃)မျိုးအား စျေးကွက်အတွင်းရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 18,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့်စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာ‌ပေး Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈) နာရီက မင်းလှမြို့ ဇေယျာသီရိဈေးတွင် ဈေးရောင်းစျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့်အင်ဖက်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။
ပုသိမ်မြို့တွင် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးနည်းစနစ် ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်ကျွမ်းကျင်မှု သင်တန်းကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ခဲ့သည်။
သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ) တွင် ပေါင်းစပ်သင်ကြားရေးအစီအစဉ်အရ သင်တန်းသား/သင်တန်းသူ ၄ဝ ဦးအား ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 18,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ)တွင် ပေါင်းစပ်သင်ကြားရေး အစီအစဉ်အရ ပထမနှစ် (ဒုတိယအသုတ်) တွင် သင်တန်းတက်ရောက်နေသော ကယားပြည်နယ်၊ လွိုင်ကော် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသားသင်တန်းသူ ၄ဝ ဦးအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ မြတ်မော်တင်ဘုရားပွဲတော် ကျင်းပနိုင်ရေး ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြတ်မော်တင်ဘုရားပွဲတော် ကျင်းပနိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံနှင့် မြို့အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀း၀၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူ‌ဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Dec 18,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦး‌ဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကို ယမန်နေ့ညနေ ၄ နာရီက ရုံးရပ်မြောက်ပိုင်းရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်၌ မလွန်မြသပိတ်စေတီတော်မြတ်ကြီး၏ (၇၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် လာ‌ရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ
Dec 18,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မလွန်ကျေးရွာရှိ မလွန်မြသပိတ်စေတီတော်မြတ်ကြီး၏ (၇၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဒီဇင်ဘာလ (၁၄) ရက်နေ့က စတင်ကျင်းပပြုလုပ်ခဲ့ရာ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ဘုရားဖူးလာရောက်သူများ၊ ရောင်းချသည့်ဈေးသည်များဖြင့် စည်ကားလျက်ရှိသည်။
ပဲခူးသားဖွားသင်တန်းကျောင်း ဒုတိယအကြိမ်မြောက် သစ်လွင်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားနှင့် သတ္တမအကြိမ်မြောက် ဘက်စုံသားဖွား အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား ကျင်းပ
Dec 18,2023
ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်း ဒုတိယအကြိမ်မြောက် သစ်လွင်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားနှင့် သတ္တမအကြိမ်မြောက် ဘက်စုံသားဖွား အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။