သတင်းများ

တပ်ကုန်းမြို့၌ ကန်စွန်းစိုက်သူများ အခင်းအောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်ဝင်ငွေရရှိ
Dec 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်(ပိန်း တော)နေ ပြည်သူများ အိမ်ဝိုင်းခြံမြေနှင့်ယာမြေများတွင် စိုက်ပျိုးရေးလုပ်ငန်းများ အဓိကထားလုပ်ကိုင်လျက်ရှိသည့်အပြင် နေ့စဉ်ဝင်ငွေရရှိသော ပင်စိမ်း၊ ကင်ပွန်းချဉ်နှင့်ကန်စွန်း စသည့်ကုန်စိမ်းသီးနှံများအနက် ကန်စွန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်ဝင်ငွေရရှိကြောင်း  သိရသည်။
ကွန်ဟိန်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီခန့်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
Dec 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နေ့လယ်(၁၂:၁၅)နာရီက ဉာဏ်စမ်းပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Dec 18,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်က စာရေးဆရာများနှင့် စာပေဝါသနာရှင်များ ရသလမ်းဆုံစာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ကား၊ မော်တော်ဆိုင်ကယ်စုစုပေါင်း ၆၇ စီးအား ရှောင်တစ်ခင်စစ်ဆေးမှု ဆောင်ရွက်
Dec 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်၊ ရှောင်တစ်ခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တပ်ကုန်း​မြို့အဝင် ရန်ကုန်-မန္တလေး ကားလမ်းတွင် ကား ၂၈ စီး၊ မော်တော်ဆိုင်ကယ် ၃၉ စီးအား ရှောင်တခင်စစ်ဆေးမှု ဆောင်ရွက်ခဲ့သည်။
မိုးနဲမြို့နယ်၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမနေရာ၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ်တွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများနှင့် အခြားကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုမှု (VBD) သင်တန်းဖွင့်လှစ်
Dec 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ ပြည်သူ့ဆေးရုံတွင်ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများနှင့် အခြားကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုမှု (VBD) သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
မက်မန်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားအလွတ်တန်း(ဖူဆယ်)ဘောလုံးအားကစားပြိုင်ပွဲနှင့် ကွင်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြု့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားအလွတ်တန်း(ဖူဆယ်) ဘောလုံးအားကစားပြိုင်ပွဲနှင့် ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့၊ မြို့မအားကစားကွင်း၌  ကျင်းပခဲ့သည်။