သတင်းများ

ပွင့်ဖြူမြို့မစည်ပင်သာယာ‌ဈေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Dec 18,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေး‌အဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိခိုက်မှု ကင်းဝေးစေရန်နှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ကင်းစင်ပပျောက်စေရန် ရည်ရွယ်၍ ပလတ်စတစ်ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးတွင် ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 18,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား/သူများ မျိုးချစ်စိတ်ဓါတ်များ ထက်သန်လာစေရန်အတွက် အခြေခံပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ကွမ်လှာ(အ.ထ.က-ခွဲ) ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် လွတ်လပ်‌ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများဆောင်ရွက်
Dec 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်များအနေဖြင့် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်စေရန်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေး စတေးကာရယူပေးခဲ့သည့် လွတ်လပ်ရေးကို အစဉ်အမြဲတန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်၍ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်‌ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများပြုလုပ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းကျေးရွာ၌ ဆောင်းသီးနှံနေကြာမျိုးစေ့ ပေးအပ်ပွဲနှင့် မျိုးစေ့ချ စိုက်ပျိုးပွဲအခမ်းအနား ကျင်းပပြုလုပ်
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းကျေးရွာ၌ ဆောင်းသီးနှံ နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် မျိုးစေ့ချစိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၀၈း၃၀)နာရီ အချိန်က ကညင်ချောင်းကျေးရွာ၊ တောင်သူ ဒေါ်ငွေကြည်၊ ကွင်းအမှတ် (၁၈၆၈/က) ဦးပိုင်အမှတ် (၈၅/၁) ဧရိယာ (၁.၅)ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် အ.ထ.က(ခွဲ)ဟိုယ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ ဟိုယကျေးရွာအုပ်စု အ.ထ.က(ခွဲ) ဟိုယတွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ လူငယ်ရေးရာ အသိပညာပေးခေါင်းစဉ်ဖြင့် သိမှတ်ဖွယ်ရာများကို ဆွေးနွေးဟောပြောခဲ့သည်။
ချောင်းသာ၌ ဆီထွက်သီးနှံ(နေကြာ) စုပေါင်းစိုက်ပျိုးခြင်းများ ဆောင်ရွက်
Dec 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းပြီး ဆီထွက်သီးနှံ (နေကြာ)စုပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ကံကြီးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်း၍ နမ့်ရယ်ခန်းမ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်
Dec 18,2023
မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဦးစီး၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၃)နှင့် အမှတ်(၂)ရပ်ကွက် နေပြည်သူများ စုစုပေါင်းအင်အား(၁၀၀)ခန့်ပါဝင်သည့် စုပေါင်းအဖွဲ့သည် ယမန်နေ့က နမ့်ရယ်ခန်းမ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ နတ်တလင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Dec 18,2023
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။