သတင်းများ

ပင်လုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်
Dec 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က ပင်လုံမြို့ မြို့နယ်တိုင်းရင်းဆေးကုဌာနသို့ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Dec 18,2023
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတစ်ရပ်အဖြစ် စာငှားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျှော့ချ​ရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိရေး ကွင်းဆင်းစစ်​ဆေး​ဆောင်ရွက်
Dec 18,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့မ​စျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ ​အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ချောက်မြို့မ​စျေးတွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲ​စေ​ရေး၊ အစားအသောက်ကုန် အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သည့် ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အ.ထ.က မိုင်းနောင် ကျောင်းသား၊ ကျောင်းသူများအား ပြင်ပစာပေများ ဖတ်ရှုလေ့လာနိုင်ရန် နယ်လှည့်စာ​ကြည့်တိုက် သွားရောက်ဆောင်ရွက်
Dec 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် နယ်လှည့်စာကြည့်တိုက်ကို ယနေ့ နံနက် (၁၀) နာရီအချိန်က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ သရက်မြို့နှင့်ကံမမြို့နယ်မှ ဆရာတော်ကြီးများအား ကျန်းမာရေး စစ်ဆေးဆောင်ရွက်
Dec 18,2023
မကွေးတိုင်းဒေသကြီး သရက်ခရိုင်ပြည်သူ့ဆေးရုံ၌ သရက်မြို့နှင့် ကံမမြို့နယ်မှ ဆရာတော်ကြီးများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။   
ဥတ္တရသီရိမြို့နယ်၌ (၂၉)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာရှိ မဏိဇောတိက ဘုန်းတော်ကြီးကျောင်းတွင် (၂၉)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အုတ်ဖိုမြို့နယ်ရှိ စားဖိုဆောင်သီးနှံစိုက်ခင်းအား ဝင်ရောက်ကြည့်ရှု
Dec 18,2023
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျွန်းကုန်းအုပ်စုကွင်းအမှတ်(၈၁၆) ဦးပိုင်(၂၅)တောင်သူဦးအောင်ဝင်း၏ စားဖိုဆောင်သီးနှံစိုက်ခင်း(၆)ဧကအား ယနေ့ ၁၂ နာရီအချိန်က ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကာလိမြို့ လူထုအခြေမြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Dec 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေမြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာအောင်သင်း၏ “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။