မင်းလှမြို့နယ်၌ မလွန်မြသပိတ်စေတီတော်မြတ်ကြီး၏ (၇၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် လာ‌ရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ

အထက်မင်းလှ ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မလွန်ကျေးရွာရှိ မလွန်မြသပိတ်စေတီတော်မြတ်ကြီး၏ (၇၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဒီဇင်ဘာလ (၁၄) ရက်နေ့က စတင်ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့တွင် ဘုရားဖူးလာရောက်သူများ၊ ရောင်းချသည့် ဈေးသည်များဖြင့် စည်ကားလျက်ရှိသည်။

မင်းလှမြို့နယ်တွင် (၇၆) ကြိမ်မြောက် မလွန်မြသပိတ်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ဒီဇင်ဘာလ (၁၄) ရက်နေ့မှ (၂၃) ရက်နေ့အထိ (၁၀) ရက်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဈေးရောင်းချသူများက ဈေးဆိုင်များ ခင်းကျင်းရောင်းချပြီး၊ ဘုရားဖူးလာရောက်သူများ၊ ဈေးဝယ် လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)