မင်္ဂလာတောင်ညွန့်မြို့နယ် စျေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းများ ဆောင်ရွက်

မင်္ဂလာတောင်ညွန့် ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် စျေးများတွင် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းများကို ယမန်နေ့နံနက် (၉:၃၀) အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ စက်ရုံလမ်းရှိ မင်္ဂလာဈေးဝန်းအတွင်း ရွှေမင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေး၊ ‌မင်္ဂလာဈေးသစ်၊ ရွှေမင်္ဂလာဈေးများရှိ ဈေးတာဝန်ခံများ၊ ဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဌေးလင်းဦးနှင့် သန္ဓေတပ်ဖွဲ့ဝင် ၄ ဦးမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)