မြောင်းမြမြို့တွင် ခွေးရူးရောဂါကာကွယ်ဆေး ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေး

မြောင်းမြ  ဒီဇင်ဘာ  ၂၁

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ခွေးရူးရောဂါကင်းစင်စေရေးအတွက် ခွေးရူးရောဂါကာကွယ်ဆေးများကို ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ကွင်းပေါက်ကြီးနှင့် စခန်းကြီးကျေးရွာများသို့ ကွင်းဆင်း၍ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် မြောင်းမြမြို့နယ် တိရိစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုးသီဟကျော် ဦးဆောင်၍ ဝန်ထမ်းများက ကျေးရွာများရှိ ပြည်သူများအား ခွေးရူးရောဂါလက္ခဏာများ၊ ကူးစက်ပျံ့နှံ့ပုံ၊ ကာကွယ်ရန်နည်းလမ်းများကို   အသိပညာပေးဟောပြောခဲ့ပြီး၊  ခွေး၊ ကြောင် အစရှိသည့် တိရိစ္ဆာန်များအား ခွေးရူးရောဂါကာကွယ်ဆေးများအား စုရပ်များတွင်လည်းကောင်း၊ အိမ်အရောက်သော်လည်းကောင်း သွားရောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)