မိုးညိုမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

မိုးညို ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်အတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်လစာငွေများကို လစဥ် (၂၁) ရက်နေ့၌ စတင်ထုတ်‌ပေးလျက်ရှိရာ မြို့နယ်အတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်လစာ ထုတ်ယူသူ ၁၁၃၈ ဦးရှိကြောင်း၊ ပင်စင်လစာငွေများကို စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လာရောက် မထုတ်ယူနိုင်သေးသူများကိုလည်း ရုံးဖွင့်ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ကိုမင်း(ပြန်/ဆက်)