သတင်းများ

မင်းတုန်းမြို့နယ်တွင် တိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုး
Jun 24,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုက်၊ မင်းတုန်းမြို့ အမှတ်(၁)ရပ်ကွက် တောင်သူ ဦးစိန်သန်း၏ ကိုင်းမြေ တစ်ဧကတွင် ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိရစ္ဆာန် ကျန်းမာလုပ်သားတို့မှ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် တောင်သူများနှင့်အတူ စိုက်ပျိုးခဲ့ကြသည်။
ချောက်မြို့တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်
Jun 24,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝဆိုင်ရာအချက် အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်လ ၂၂ ရက်နေ့၊ နံနက် (၈)နာရီခွဲမှ စတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်‌‌ဇော်တင့်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိ​ကြောင်းသိရသည်။
ပေါင်မြို့နယ်တွင် စပါးသီးနှံ အထွက်နှုန်းမိတ်ဖက်များ တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်း သင်တန်းပို့ချ
Jun 24,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စပါးသီးနှံ အထွက်နှုန်းမိတ်ဖက်များ တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း သင်တန်းပို့ချခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဖြူဘကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံးကိုးမြို့တွင် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများ စုပေါင်း၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ အ.ထ.က ကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပကာ သစ်ပင်များစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာအားတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရ
Jun 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မည့်မြေနေရာအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျောက်ဆည် ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်
Jun 24,2023
မန္တလေးတိုင်းဒေသကြီး၊ ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် တစ်နိုင်တစ်ပိုင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာများ တတ်မြောက်ပြီး မိသားစုအပိုဝင်မှ စီးပွားဖြစ်ဝင်ငွေရရှိရေးအတွက် ယမန်နေ့နံနက် (၁၀)နာရီက လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ၂၀၂၃ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် ၇၄၅ ဒသမ ၅၀ သိန်း ထုတ်ချေးပေး
Jun 24,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်၌ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ အသိပညာပေး သင်တန်း ပြုလုပ်
Jun 24,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။