ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF)ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ အကြီးတန်းဆင့်အုပ်စုပွဲများ စတင်ယှဥ်ပြိုင်

ကျောက်တလုံးကြီး  ဒီဇင်ဘာ  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင်(၂၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF)ဥက္ကဋ္ဌဖလား(အလွတ်တန်း)နှင့် ကန်တော်ကြီးဥက္ကဌဖလား ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်၍  နောင်ကားစံပြကျေးရွာ အားကစားကွင်းတွင် စတင်ကျင်းပပြုလုပ်လျက်ရှိရာ အကြီးတန်းအဆင့် အုပ်စုပွဲစဥ်များကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှစတင်၍ ယှဥ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။

(၂၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF)ဥက္ကဋ္ဌဖလားပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှ အကြီးတန်းအဆင့်အသင်း (၁၀)သင်းနှင့် အငယ်တန်းအဆင့် (၆၉) သင်းတို့ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်း၊ အငယ်တန်းအဆင့်တွင် အုပ်စုအဆင့်ပြိုင်ပွဲများ ပြီးမြောက်၍ ရှုံးထွက်အဆင့် ယှဥ်ပြိုင်လျက်ရှိကြပြီး အကြီးတန်းအဆင့်အုပ်စုအဖွင့် ပွဲစဥ်အဖြစ် ဆိုက်ခေါင်ဂျူနီယာအသင်းနှင့် ဟိုနမ်းဝေနယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ  ဆိုင်ခေါင်ဂျူနီယာအသင်းက ဟိုနမ်းဝေနယ်ကို ၃ ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဇော်နိုင်လင်း