မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးစပ်ပြိုင်ပွဲများ ကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးစပ်ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါစီးပွားရေးတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲများတွင်   (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် ပတ်သက်သည့် ခေါင်းစဉ်များဖြင့် ကျင်းပခဲ့ရာ မိတ္ထီလာစီးပွားရေးတက္ကသိုလ်ရှိ ကျောင်းသားကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ၎င်းနောက် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို မိတ္ထီလာစီးပွားရေး တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ရာ ဒေါက်တာ ရွှေစင်အောင်က လွတ်လပ်ရေးအသိ လွတ်လပ်ရေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ၁၉၄၈ခုနှစ် လွတ်လပ်ရေးနေ့ ရိုက်ကူးထားရှိခဲ့သည့် လွတ်လပ်ရေးနေ့ အခမ်းအနားမော်ကွန်းရုပ်ရှင်ကို ဖွင့်လှစ်ပြသခဲ့သည်။

အဆိုပါ ဟောပြောပွဲကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူအိ၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ နည်းပြများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)