မက်မန်း ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်အား ယနေ့နံနက်(၁၁း၀၀)နာရီအချိန်က မက်မန်းမြို့(အ-ထ-က)ကျောင်းတွင် သွားရောက်ဖြန့်ဝေခဲ့သည်။
လက်ကမ်းစာစောင်များကို ဖြန့်ဝေရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက် ဖြန့်ဝေခဲ့ရာ အဆိုပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေရာတွင် ကျောင်းသားလူငယ်များအား အသိပညာတိုးပွားစေရေး၊ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုပုံရိပ်များ၊ လွတ်လပ်ရေးကိုအစဉ် တန်ဖိုးထားတတ်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ စီစဉ်ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့သည်။ လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်များ၊ ၁၉၄၆ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၄-၁-၂၀၂၃)ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်တွင်းစည်းလုံးညီညွှတ်မှုသာလျှင် အဓိကအကျဆုံးဖြစ်ကြောင်းဆောင်းပါး၊ ကာတွန်းနှင့်ကဗျာ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)