နွားထိုးကြီးမြို့နယ်၌ အသံမစဲ ဥပါတသန္တိ ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

နွားထိုးကြီး ဇန်နဝါရီ  ၉

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ အသံမစဲဥပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အလယ်ကျောင်းစာသင်တိုက်၊ သီရိအောင်လှိုင် ဓမ္မဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသံမစဲ ဥပါတသန္တိ ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲတွင် ချိုင်းကျောင်း ဆရာ တော် ဉူးတေဇနိယထံမှ ငါးပါးသီလခံယူပြီး အသံမစဲ ဥပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို အရပ်သုံးမျက်နှာမှ ဆရာတော်(၂၇)ပါးတို့မှ(၉)ရပ်တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရ သည်။

အသံအစဲဥပါတသန္တိကျမ်းမြတ်ပူဇော်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်