ငဖဲမြို့နယ် ကျောင်းကုန်းကျေးရွာအုပ်စုမှ နွားကောင်ရေ ၁၂၄ ကောင်အား ကျွဲ၊ နွား ခွာနာလျှာနာရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

ငဖဲ ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများမွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာသို့ သွားရောက်၍ နွားကောင်ရေ ၁၂၄ ကောင်အား ကျွဲ၊ နွား ခွာနာလျှာနာရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးများထိုးနှံပေးရာတွင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာချစ်ချယ်ရီစိုးနှင့် ဝန်ထမ်းများဦးဆောင်ပြီး တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ ပူးပေါင်းကာ ကျောင်းကုန်းကျေးရွာ အုပ်စုမှတောင်သူများ မွေးမြူထားသော နွား ၁၂၄ ကောင်အား ခွာနာလျှာနာရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သော ခွာနာလျှာနာရောဂါလက္ခဏာများ၊ ရောဂါကြောင့်ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများနှင့် ကြိုတင်ကာကွယ်ရန်နည်းလမ်းများ စသည်တို့ကို တောင်သူများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)