တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ဟိုပုံး) ကျောင်းအုပ်ကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုရကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

ဟိုပုံး ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် () နာရီက အဆိုပါကျောင်းရှိ ဘက်စုံသုံးရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ဟိုပုံးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေ၊ အမှတ် () အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးလေးလွင်နှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးတက်စိုးတို့က ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ဧကာဒဿမတန်းမှ ကျောင်းသား/ကျောင်းသူများက ပညာရေးစုံညီပွဲတော်ဆီသီချင်းဖြင့် ဖျော်ဖြေပြီးနောက် ဟိုပုံးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးလေးလွင်နှင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီဥက္ကဋ္ဌ ဦးတက်စိုးတို့က အမှာစကားပြောကြားကြပြီး၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း Grade အသီးသီးတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားကျောင်းသူ‌များက အကပဒေသာများဖြင့် ကပြဖျော်ဖြေကြပြီး ကပြ‌ဖျော်ဖြေတင်ဆက်ပေးသည့် အကအဖွဲ့များအား တာဝန်ရှိသူများတို့က ဆုများပေးအပ်ကြသည်။

ယင်းနောက် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဇနီး၊ ဟိုပုံးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်ဇနီး၊ ဒေသအဆင့်/ မြို့နယ်အဆင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများတို့က ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ၊ ဂုဏ်ထူးရအောင်သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမ များအားလည်းကောင်း၊  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ရရှိသော ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းတက်မှန်ဆုရရှိ‌သော  ဆရာမများ အားလည်း‌ကောင်း၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊  (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲ၊ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ၊  ပညာတန်ဆောင် စာပေပြိုင်ပွဲ မူလတန်းအထက်ဆင့် ရုပ်ပြစာစီစာကုံးပြိုင်ပွဲ၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ အမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ စသည့်စာ‌ပေပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ပြည်နယ်အဆင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် မီတာ (၁၀၀)၊ မီတာ (၄၀၀)၊ မီတာ (၈၀၀) အပြေးပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ Grade အသီးသီးတို့တွင် ဆုရှိသော ကျောင်းသား/ကျောင်းသူ‌များအား လည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်သို့ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဇနီး၊ ဟိုပုံးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်ဇနီး၊ ဒေသအဆင့်/မြို့နယ်အဆင့်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရှိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)