ပုသိမ်ကြီး ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ပုသိမ်ကြီးမြို့နယ်မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးခြင်းစနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် လေ့လာခြင်းကို ယနေ့နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးမှ အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန်းက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) နှင့်စပ်လျဥ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အခမ်းအနားသို့တက်ရောက်လာသူများမှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့သရုပ်ပြဆန္ဒမဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့်လက်တွေ့စမ်းသပ်မဲပေးခြင်းသို့ ပုသိမ်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ ရပ်ကွက်နှင့်ကျေးရွာကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများ၊ နိုင်ငံရေးပါတီများ၊ မြို့နေပြည်သူများတက်ရောက်ခဲ့ကာ မဲပေးခြင်းကို လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါသရုပ်ပြ ဆန္ဒမဲပေးခြင်းများကို ဆက်လက်ကျင်းပကာ လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)