ကြံခင်းမြို့ (အ.မ.က) အင်းလပ်အရှေ့ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကြံခင်း ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ (အ.မ.က) အင်းလပ်အရှေ့ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို (အ.မ.က) အင်းလပ်အရှေ့ကျောင်းမှ ကျောင်းသား/သူလေးများက"စုံညီပွဲတော် တို့နွှဲပျော်" တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ကျောင်းအုပ်ဆရာကြီးဦးစောသန်းနိုင်က ဘက်စုံထူးချွန်သော ကျာင်းသားလူငယ်များဖြစ်လာစေရေးနှင့် ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်ပြီး အဖွင့်အမှာစကားပြောကြားပြီးနောက်၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဥက္ကဋ္ဌ ဦးတင်မိုးဝင်းက ကျောင်းဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ကျေးဇူးတင်စကားပြောကြားပါသည်။

ဆက်လက်ပြီး (အ.မ.က) အင်းလပ်အရှေ့ကျောင်းမှ (G-5) ကျောင်းသားမောင်ဟေးချစ်တည် က "ဘုံခုနှစ်ဆင့်" သီချင်းဖြင့်ကပြဖျော်ဖြေပြီး၊ ဆုများချီးမြှင့်ပေးအပ်ရာ ကျောင်းလုပ်ငန်းများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်မှုဆု၊ မြို့နယ်အဆင့်ကာယ၊ ဉာဏပြိုင်ပွဲဆုများနှင့် ကျောင်းတွင်းကာယ၊ ဉာဏပြိုင်ပွဲတို့တွင်ဆုရရှိကြသော ကျောင်းသား/သူများအားလည်းကောင်း၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆုများအားလည်းကောင်း၊ တာဝန်ရှိသူများက ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြပြီး၊ ကျောင်းသား/သူများက ပဒေသာကပွဲများဖြင့် ကပြဖျော်ဖြေကြသည်။

ပညာရေးစုံညီပွဲတော်သို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ (အ.မ.က) အင်းလပ် အရှေ့အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာမများ၊ (အ.မ.က) အင်းလပ်အရှေ့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆုရကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)