ကန့်ဘလူမြို့၌ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

 

ကန့်ဘလူ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်( ၂)ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အဝင် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် ယမန်နှစ် မေလကစတင်၍ ဆောင်ရွက်ခဲ့ရာ ယခုနှစ် ဇန်နဝါရီ ၂ ရက်က ပြီးစီးပြီး အဆိုပါလမ်းသစ်ဖွင့်ပွဲကို ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

 “ဒီလမ်းက မြေသားလမ်းဆိုတော့ မိုးရာသီရောက်တိုင်း လမ်းအသုံးပြုတွေအတွက် အခက်အခဲ ဖြစ်ကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ခရိုင် ရဲတပ်ဖွဲ့ဝင်တွေ စုပေါင်းအားနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ကျောင်းသား၊ ကျောင်းသူတွေ၊ ဝန်ထမ်းတွေ ရာသီမရွေး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ သွားလာနိုင်ဖို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ် ” ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းထိုက် က ပြောသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် ၁၀၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မခန့်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)