လဟယ်မြို့ နယ်စပ်ရေးရာ၀န်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

လဟယ် ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အရိပ်ရ လေကာပင်များနှင့် နှစ်ရှည်စားပင်၊ သီးနှံများ စိုက်ပျိုးခြင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၀၈:၀၀)နာရီအချိန် အဆိုပါကျောင်း၀န်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦး‌စွာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဒေးဗစ်ချမ်းမှ နည်းဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများထံ ထောပတ်၊ မျောက်ငို၊ ကော်ဖီ၊ လက်ဖက်၊ သစ်တော်နှင့် ပန်းချယ်ရီပျိုးပင်များကို ပေးအပ်ပြီး သတ်မှတ်နေရာများတွင် စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ထောပတ် (၅၀)ပင်၊ လက်ဖက်(၅၀)၊ ကော်ဖီ (၅၀)ပင်၊ ပိန္နဲပင်(၂၀)၊ မျောက်ငို (၅၀)ပင်၊ သစ်တော်ပင်(၁၀)နှင့် ပန်းအလှချယ်ရီပင် (၅၀)ပင် စုစုပေါင်း (၂၈၅)ပင်တို့အား နည်ပြဆရာ/မများ ကျောင်းသား/သူများက အဆိုပါကျောင်း၀န်းအတွင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)