အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်း ပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

လားရှိုး ဇွန် ၂၃

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းက တိုင်းစစ်ဌာနချုပ် မိုးလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ၊တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ လားရှိုးတပ်နယ်မှ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိစစ်သည်များ၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစား ဝါသနာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပိုက်ကျော်ခြင်း (၃)ယောက်တွဲ  ဗိုလ်လုပွဲစဉ်အဖြစ် လားရှိုးတပ်နယ် (က) အသင်းနှင့် လားရှိုးတပ်နယ် (ခ) အသင်း၊ (၂) ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲတွင် စခန်းရမခအသင်းနှင့် လောက်ကိုင်တပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်မှုများကို ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက  ကြည့်ရှုအားပေး ခဲ့ကြသည်။

ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက အကောင်းဆုံး အားကစားသမားဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများ၊ တံခွန်စိုက်ဒိုင်းရရှိသည့် လားရှိုး တပ်နယ် (က)အသင်းနှင့် လောက်ကိုင်တပ်နယ်အသင်းတို့အား တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)