မံစီမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး မိုးရာသီ ဘောလုံးပြိုင်ပွဲကျင်းပ

မံစီ ဇူလိုင် ၁၄          

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ် အားကစားကွင်း၌ ဇူလိုင် ၁၃ ရက် မွန်းလွဲ ၁ နာရီက  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့သည်။

ဖွင့်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများက မြို့နယ်ပညာရေးမှူးနှင့် တက်ရောက်လာသူများကိုချီတက် အလေးပြုခဲ့ကြသည်။ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ပြည့်ဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေက ပြိုင်ပွဲနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အမျိုးသားအသင်း(၁၀)သင်း၊ အမျိုးသမီးအသင်း(၈)သင်းဖြင့် ဇူလိုင် ၁၇ ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်တွင် အခြေခံပညာအထက်တန်းကျောင်း(မံစီ) အမျိုးသားအသင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(မိုင်းခေါင်) အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း(မံစီ) အမျိုးသားအသင်း က (၁-၀)ဂိုး ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်