ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအာင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကန်ကြီးထောင့် ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအာင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (အမျိုးသားခန်းမ) တွင် ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် အ.ထ.က(ခွဲ)ဘဲဂရက် ကျောင်းမှ ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း”တေးသီချင်းဖြင့် သီဆို‌ဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆရာမကြီးဒေါ်တင်မေသန်းက ဂုဏ်ပြုပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ (၄)ဘာသာဂုဏ်ထူးရကျောင်းသား/သူ(၁)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရကျောင်းသား/သူ(၅၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရ ကျောင်းသား/သူ(၆၁)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရကျောင်းသား/သူ(၁၃၃)ဦးကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲနိုင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ NGO အဖွဲ့အစည်းများမှ ဆုများပေးအပ်ခဲ့ကြသည်။

ကန်ကြီး‌ထောင့်မြို့နယ်တွင် စာစစ်ဌာန ၉ ခု၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ‌ဖြေဆိုသူ (၇၁၃)ဦးရှိရာ ဖြေဆိုအောင်မြင်သူ(၄၈၈)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၆၈.၄၄ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်ခဲ့သည်။

ကျော်ဇင်(ပြန်/ဆက်)