ဘူးသီးတောင် ဇူလိုင် ၂၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ တောင်သူများနှင့်အတူ ယနေ့နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ်၊ နန်းရာကုန်းကျေးရွာ လယ်မြေ(၈၅)ဧက အတွင်း စုပေါင်းထွန်ယက်ပွဲနှင့် အကျိုးဆောင်တောင်သူများဖြင့်မျိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၈၅)ဧကဆောင်ရွက်ရန် ပျိုးထောင်ထားရှိသည့် ဆင်းသွယ်လတ်၊ ဆင်းသုခ၊ ပေါ်ဆန်းယဉ် ပျိုးခင်းများအား ယူရီးယားမြေဩဇာနှင့် စူပါဘိုကာရှိ မြေဆွေးရောစပ်၍ ပျိုးခင်းများအား စုပေါင်းကြဲပက်နေမှုကို လှည့်လှယ်ကြည့်ရှု ကွင်းဆင်းအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ် မြေအသုံးချတာဝန်ခံ ဒေါ်ခင်ဆွေအေးနှင့်အဖွဲ့မှ တောင်သူများအား စူပါဘိုကာရှိ မြေဆွေးပုံ လက်တွေ့ ပြုလုပ်ပြသနေမှုကို ကြည့်ရှုအားပေး၍ တောင်သူများအား သဘာဝ ဓါတ်မြေဩဇာပြုလုပ်ရာ၌ အသုံးပြုသည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်ထားသော အသင့်သုံးEMဖျော်ရည်ဗူးများ ပေးအပ်ခဲ့ပြီး တောင်သူများအား စူပါဘိုကာရှိမြေဆွေးများအား တောင်သူများအနေဖြင့် လက်တွေ့အသုံးပြုကြရန်နှင့် စိုက်ပျိုးသည့်မိုးစပါးများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်းသိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်း မိုးစပါးလျာထားချက်မှာ (၅၃၉၀၂)ဧကရှိရာ ပျိုးထောင်ပြီး ဧက(၂၅၅၅)ဧကနှင့် စိုက်ပျိုးပြီးဧက (၁၅၇၉၉)ဧကဖြစ်ကြောင်း ယခုနှစ်တွင် ယမန်နှစ်ထက်ကာလတို စိုက်ဧကထက်(၁၈၇)ဧက ပိုမိုစိုက်ပျိုး ပြီးဖြစ်ပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီထံမှ သိရသည်။
မြို့နယ် ( ပြန်/ဆက်)