မဟာ‌အောင်မြေမြို့နယ်၊ အမှတ်(၂၄)အ.ထ.ကကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်‌ရေးရာအသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းပေးအပ်ပွဲကျင်းပ

မဟာအောင်မြေ ဇူလိုင် ၂၀

မန္တလေးခရိုင်၊ မဟာ‌အောင်မြေမြို့နယ်၊ အမှတ်(၂၄) အ.ထ.ကကျောင်း၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ  ယမန်နေ့မွန်းလွဲပိုင်းကအားကစားနှင့် လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲနှင့်အားကစားပစ္စည်းပေးအပ်ပွဲ ကျင်းပ‌ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးရှီးမွန်က အားကစားနှင့်လူငယ်‌ရေးရာအသိပညာပေး ဟောပြောပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်တွေဟာအနာဂတ်မျိုးဆက်သစ်တွေဖြစ်ကြောင်း၊ စာပေတွေကို လေ့လာမှတ်သားရသလို ကိုယ်ကာယကျန်းမာဖို့အတွက် အားကစားနှင့် ပတ်သက်၍ အားကစားသည် လူငယ်တွေအတွက် လေ့ကျင်းမှု‌ လည်းပြုလုပ်သင့်ကြောင်း၊ အားကစားလုပ်လျှင်ပညာရေးအတွက်လည်း အထောက်အကူပြုပြီး ဉာဏ်ရည်ဉာဏ်သွေးတိုးတက်ကောင်းမွန်ကြောင်း၊ အားကစားလုပ်ခြင်းသည် ဉာဏ်ရည်ကိုဖွံ့ဖြိုးစေပြီး စိတ်ဓာတ်ကိုခွန်အားဖြစ်စေနိုင်ကြောင်း စသည့် အကြောင်းအရာများအား ထည့်သွင်းပြောကြားပြီး‌နောက် အားကစားပစ္စည်းများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများကပေးအပ်ရာ အမှတ် (၂၄)အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးရှီးမွန်၊ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းနှင့် ဆရာ/ဆရာမများ၊‌ ကျောင်းသား/သူ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း