ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအတွင်းရှိ အေးချမ်းသာခန်းမဆောင်တွင် အသေးစားစက်မှုလုပ်ငန်းသင်တန်း အစည်းအဝေးကျင်းပ

ပုဗ္ဗသီရိ ဇူလိုင် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊  အေးမြင့်သာယာကျေးရွာအတွင်းရှိ အေးချမ်းသာ ခန်းမဆောင်တွင် အသေးစားစက်မှုလုပ်ငန်းသင်တန်း အစည်းအဝေးကို ဇူလိုင် ၁၈ က ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ နေပြည်တောင်တိုင်းညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးနှင့် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးဇေယျာထွန်းနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများက တက်ရောက်ခဲ့ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နေပြည်တော် တိုင်းညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပို့ချ ပေးလျက်ရှိသည့် သင်တန်းများ၏ ရည်ရွယ်ချက်များကို ရှင်းပြခဲ့ပြီး တက်ရောက်နိုင်သည့် သင်တန်းများဖြစ်သော တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ ယသင်တန်း၊ ဝါးအခြေခံ လက်မှုသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အခြေခံ မော်တော်ဆိုင် ကယ်ပြုပြင် ထိန်းသိမ်းနည်း သင်တန်း၊ အခြေခံ အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းသင်တန်း စသည့်သင်တန်းများကို တက်ရောက်သင်ကြားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို အသက် ၁၈ နှစ် ပြည့်ပြီးသူများ သင်ကြားနိုင်မည်ဖြစ်ပြီး ရပ်ကွက်အတွင်း အနည်းဆုံး ၃ နှစ် နေထိုင်သော ပြည်သူများဖြစ်ရမည့်အပြင် ရေရှည် ဆက်လက်နေထိုင်သူများသာ သင်ကြားပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

လှိုင်မြင့်(ပြန်/ဆက်)