တောင်သာမြို့နယ်၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

တောင်သာ ဇူလိုင် ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးအတွက် ကျေးလက် ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ၏ ပြည်သူများ တိုက်ရိုက်ရေးဆွဲအကောင်အထည်ဖော်သော ကိုယ်ထူကိုယ်ထ ကျေးလက်ဖွံ့ဖြိုးရေးစီမံချက်အရ ကျေးရွာနေပြည်သူများကိုယ်တိုင် ကျေးရွာ များ၏ ပကတိလိုအပ်ချက်များ ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေး အစီအစဉ်များကို စနစ်တကျ စုပေါင်းပြီး ကဏ္ဍပေါင်းစုံ ပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ်ဖြစ်ပေါ်လာစေရန် ရွယ်ရွယ်ချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေလုပ်ငန်းစီမံချက် (VFP)ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်ရှိ ရွာသာလေး ကျေးရွာနှင့် ကျောက္ကာတောင်ကုန်းကျေးရွာတို့၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က ယင်းကျေးရွားများရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက စီမံကိန်း နောက်ခံအကြောင်းအရာ၊ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်မည့် နည်းလမ်းများအား ရှင်းလင်းဟောပြောမိတ်ဆက်ခဲ့သည်။

ယင်းနောက် ကျေးရွာအလိုက် ကော်မတီဖွဲ့စည်းပေးရာတွင် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသော ကော်မတီဝင်များအား တက်ရောက်လာသည့် ပြည်သူထူထု၏ အများသဘောတူ ဆန္ဒဖြင့် တင်မြောက်ခဲ့ရာ ရွာသာလေးကျေးရွာတွင် ကျား(၇) ဦး၊ မ(၄) ဦးဖြင့် ကော်မတီဝင် (၁၁) ဦးဖြင့်လည်းကောင်း၊ ကျောက္ကာတောင်ကုန်းကျေးရွာတွင် ကျား (၆) ဦး၊ မ (၃) ဦးဖြင့် ကော်မတီဝင် (၉)ဦးကို လည်းကောင်း အသီးသီး ဖွဲ့စည်းပေးခဲ့ကြောင်းသိရပြီး VDP စီမံကိန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းကိန်းရန်ပုံငွေ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း (၁၅၀) ထောက်ပံ့ငွေဖြင့် ကျေးရွာလူထုကိုယ်တိုင် ဦးစားပေးစီမံချက်အား အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)