ချမ်းအေးသာစံ ဇူလိုင် ၁၈
အနာဂတ်ကာလတွင် ဦးဆောင်ကြမည့် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၇) အခြေခံပညာမူလတန်းလွန်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် ဝန်ထမ်းများ၊ အမှတ် (၇) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမှတ် (၇) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းဝေမှ အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်မှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ ကျောင်းသားလူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဥာဏ်ရည်မြင့်မားစေရန်အတွက် လူငယ်နှင့်ပတ်သတ်သည့်အကြောင်းအရာများ၊ လူငယ်များ၏ဘဝကို ဖျက်ဆီးစေနိုင်သည့်မူးယစ်ဆေးဝါးများအကြောင်းနှင့် ကျောင်းသားလူငယ်များ၏ ပညာရေးကို ထိခိုက်စေနိုင်သည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများသည် ဟောပြောခဲ့သည့်အကြောင်းအရာများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးထွန်းထွန်းနိုင်မှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရပါသည်။
ချမ်းမြေ့မောင်