တန့်ယန်း ဇူလိုင် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (၇၈) ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီက ကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မွန်းနှင့် ဆရာ၊ဆရာမများကကြီးကြပ်၍ အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့်တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၃) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)