ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ (၇၆) နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရသေ့တောင် ဇူလိုင် ၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကို  ယမန်နေ့နံနက် ၈ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့သို့လှူဒါန်းရာတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်ဦးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်များနှင့်ဧည့်သည်တော်များက သံဃာတော်အရှင်သူမြတ်တို့ထံမှ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခန်းအနားဖွင့်လှစ်ခြင်း၊  ငါးပါးသီလခံယူခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်အား ရွတ်ဖတ်ပူဇော်ပြီး နောက်ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 ရသေ့တောင်(ပြန်/ဆက်)