နမ္မတူမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဥဩဆွဲ အလေးပြုခြင်း ဆောင်ရွက်

နမ္မတူ ဇူလိုင် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဥဩဆွဲအလေးပြုခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ (၃၇) မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေးနှင့် တပ်ဖွဲ့ဝင် ၈ ဦးတို့က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အောက်မေ့လွမ်းဆွတ် ဂါဝရပြုခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွှင့်ထူခြင်း၊ နိုင်ငံတော်အလံ အားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် (၂)မိနစ်ငြိမ်သက်ကာ ဥဩဆွဲခြင်းတို့ ပြုလုပ်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံက သိရသည်။

လူမော် (ပြန်/ဆက်)