သတင်းများ

ညောင်ဦးမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့ကျစေရေးကွင်းဆင်းစစ်ဆေး
Jul 18,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ ဝင်ငွေတိုးတက်စေရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို  ဇူလိုင် ၁၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ညောင်ဦးမြို့ပေါ်ရပ်ကွက်/ ကျေးရွာများအတွင်း သို့တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ငဖဲမြို့နယ် ရုံးပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆောင်ရွက်
Jul 18,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က မောင်ဇေယျာရေးသားသည့် မြန်မာလူကျော် ၁၀၀ စာအုပ်ကို စာဖတ်ဝိုင်းဆက်လက်ကျင်းပဆောင်ရွက်သည်။
နတ်မောက်မြို့ မြို့မရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်     
Jul 18,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ မြို့မရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျန်းမာရေးဌာနက ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
တောင်ဥက္ကလာပမြို့နယ် သင်္ဃန်းကျွန်းခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ခရိုင်အဆင့်မီးငြိမ်းသတ်ရေးနှင့် ရှာ‌ဖွေကယ်ဆယ်‌ရေး သင်တန်းဖွင့်ပွဲ ကျင်းပ
Jul 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ခရိုင်အဆင့် အဆင့်မြင့်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၄ ရက်နေ့နံနက် (၉:၀၀)နာရီ အချိန်က တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းခရိုင် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
မြစ်သားမြို့နယ်တွင်(၁၄) ကြိမ်မြောက် ပါဠိပထမပြန် စာမေးပွဲအောင်သံဃာတော်များအား ဆုပေးပွဲအခမ်းအနားကျင်းပ
Jul 18,2025
  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင်(၁၄)ကြိမ်မြောက် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲအောင် သံဃာတော်များအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ရွှေကွမ်းတောင်ဘုရားဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။        
ဇေယျာသီရိမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်စကားဝိုင်း ကျင်းပ
Jul 18,2025
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျ ခွဲခြားစွန့်ပစ်ရန်အသိပညာပေးဟောပြာခြင်းနှင့် သရုပ်ပြသခြင်းဆောင်ရွက်
Jul 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေး ဟောပြောခြင်းနှင့်သရုပ်ပြသခြင်းကို ယနေ့မွန်းလွဲ  ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းပျဉ်းမြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ဟောပြောပွဲအခမ်းအနား ကျင်းပ
Jul 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပညာရေးဌာန၏  မြို့နယ်အဆင့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။