သတင်းများ

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်း ပြုလုပ်
Jul 21,2023
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များအကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင် များက စာရေးဆရာလင်္ကာရည်ကျော်၏သိင်္ဂါရအလှည့်စာအုပ်အားယနေ့နံနက်(၁၀)နာရီအချိန်က Community     Centre ခန်းမ၌   စာဖတ်ဝိုင်း ဆွေးနွေးပွဲ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jul 21,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်းပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်(၉)နာရီအချိန်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လက်ပန်အညာကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ကွင်းဆင်းပြီး ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။
ချမ်းမြသာစည်မြို့နယ်‌တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်
Jul 21,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားပြီး နိုင်ငံ တော်မှ အားကိုးအားထားပြုရမည့် သားကောင်းရတနာများ ဖြစ်ထွန်းလာစေရေး ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီကအမှတ် (၃)အခြခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ  မြတ်လေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ကျောက်တော်မြို့နယ်တာဝန်ခံဗိုလ်မှူးချုပ်အောင်သူဦး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်၊ဆီ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 21,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်အိတ် (၁၀၀)နှင့်ဆီများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က အဆိုပါကျောင်းရှိ ရတနာခန်းမဆောင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ​အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယ​မန်နေ့နံနက် ၇ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jul 21,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက ကြီးမှူး၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ လူငယ်နှင့်ပညာဆိုင်ရာစာစု စာအုပ်အား စာဖတ်ဝိုင်းဖွဲ့ ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီ လူထုအခြေပြုဗဟိုပြုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သီးနှံမျိုးစုံး(၇၁၃)ဧက စိုက်ပျိုးရေများပေးဝေနေသည့် စော်ဘွား(က)မြောင်း ရေရှည်ကြံ့ခိုင်ရေးပေတိုင် (၀+၆၃၀)ရှိ CDC တစ်ခုအားပြန်လည်ပြုပြင်ပေး
Jul 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများအတွက် စိုက်ပျိုးရေများပြည့်ဝစွာပေးဝေနိုင်ရေး ဘဏ္ဍာနှစ်အလိုက် ရေပြွန်များ၊ မြောင်းနံရံများ၊ ရေကျအဆောက်အအုံများနှင့် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ(၇၁၃)ဧက စိုက်ပျိုးရေများပေးဝေနေသည့် စော်ဘွား (က)မြောင်း ရေရှည်ကြံ့ခိုင်ရေး ပေတိုင်(၀+၆၃၀)ရှိ CDC တစ်ခုအားပြန်လည်ပြုပြင် ပေးခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဇူလိုင်လအတွက် ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး
Jul 21,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ဇူလိုင်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၆ နာရီမှစတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက် ရှိကြောင်း သိရသည်။