ချမ်းမြသာစည်မြို့နယ်‌တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်

ချမ်းမြသာစည်  ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားပြီး နိုင်ငံ တော်မှ အားကိုးအားထားပြုရမည့် သားကောင်းရတနာများ ဖြစ်ထွန်းလာစေရေး ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီကအမှတ် (၃)အခြခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ  မြတ်လေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းမာက အဖွင့်အမှာစကားပြောကြားပြီးနောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက လူငယ်များအတွေးအခေါ် မှန်ကန်စေရန်၊ဗလငါးတန်နှင့်တိုးတက်ဖွံ့ဖြိုးစေရန်၊ ထူးချွန်သော လူစွမ်းအား အရင်းအမြစ်များ ဖြစ်လာရန် အသိပညာ၊ အတတ်ပညာဖြင့် ပြည့်စုံသောလူငယ်များဖြစ်လာစေရန်အတွက် ယခုလို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍"လူငယ်နှင့် ရည်မှန်း ချက်"ခေါင်းစဉ်ဖြင့်‌ ဟောပြောရာတွင် လူငယ်များ အောင်မြင်မှုရရှိဖို့အတွက် ရည်မှန်းချက်၏ ‌အရေးပါမှု၊ ဘဝအတွက် ရည်မှန်းချက်ထားပြီးလုပ်ဆောင်သင့်သည့်အကြောင်းနှင့် ရည်မှန်းချက်ထားလုပ်ဆောင်ရာတွင် လိုအပ်သည့်အချက်များ၊ အရွယ်မရောက်သေးသူ ကလေး သူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်း တားဆီးရေး နှင့်ပတ်သက်သည့် သိသင့်သိထိုက်သည်များကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်း သူများက ဟောပြောသည့် အကြောင်းအရာများနှင့် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှ ပြန်လည်ဖြေကြားခဲ့သည်။

ဟောပြောပွဲအပြီးတွင်  ခန်းမအတွင်း ပြသထားသောနံရံကပ် စာစောင်များနှင့် သုတ/ရသ စုံလင် သောစာအုပ်/ စာစောင်များ  ခင်းကျင်းပြသထား‌သည်များကို ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာကြသည်။ဟောပြော‌ပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ရုံးဝန်ထမ်းများ၊အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်း အုပ်ဆရာမကြီး ဒေါ်စန်းစန်းမာနှင့် ဆရာ/ဆရာမများ၊ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (ချမ်း / စည်)