သတင်းများ

မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည် ပြိုင်ပွဲပြုလုပ်
Jul 21,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင်  ကျောင်းသား/သူ လူငယ် လေးများ စာကြည့်တိုက်နှင့် ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ ကာကွယ်ဆေးများ တိုက်‌ကျွေးထိုးနှံ
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်‌ကျွေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကမာရွတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်‌ဆေးတိုက် ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲကျင်းပ
Jul 21,2023
ဧရာဝတီတိုင်းဒေသကြီး၊‌ မြောင်းမြမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများ၏လက်ဝယ်သို့ သွင်းအားစု (ယူရီးယားဓာတ်မြေဩဇာ၊ ကွန်ပေါင်း (၁၅:၁၅:၁၅) နှင့် သဘာဝမြေဩဇာများ) ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြစန္ဒာဆန်စက်၌ ကျင်းပပြုလုပ်ခဲ့သည်။
မံစီမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး မိုးရာသီဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ
Jul 21,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အားကစားကွင်း၌ ဇူလိုင် ၂၀ ရက် ညနေ ၄ နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပခဲ့သည်။
ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jul 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် KG တန်းမှ အသက် ၁၈ အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းများ၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ဗန်းမော်မြို့အ.ထ.က(၂)ကျောင်း၏၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းတွင်းသင်ထောက်ကူပစ္စည်း ပြပွဲ၊ ပြိုင်ပွဲကျင်းပ
Jul 21,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ အ.ထ.က(၂)ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းတွင်း သင်ထောက်ကူပစ္စည်းပြပွဲ၊ ပြိုင်ပွဲကို ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီကစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Jul 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ)၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အာဆီယံ-တရုတ်စင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun , အဖွဲ့ဝင်များနှင့်တွေ့ဆုံ
Jul 21,2023
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် အာဆီယံ-တရုတ်စင်တာ (ASEAN China Centre – ACC)၏ အထွေထွေ အတွင်းရေးမှူချုပ် H.E. Mr. Shi Zhongjun ဦးဆောင်သည့် အဖွဲ့ဝင်(၄)ဦးတို့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်  တာဝန်ရှိသူများထံ လာရောက်တွေ့ဆုံခဲ့သည်။