မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေး ဇူလိုင် ၂၁

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက ကြီးမှူး၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ လူငယ်နှင့်ပညာဆိုင်ရာစာစု စာအုပ်အား စာဖတ်ဝိုင်းဖွဲ့ ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီ လူထုအခြေပြုဗဟိုပြုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြီး ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ၊ Book Club အသင်းဥက္ကဋ္ဌ စာရေးဆရာ ချမ်းမြေ့အေးက လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ၊ ပါရဂူဂုဏ်ပြုပွဲကအပြန်၊ တပည့်တွေအကြောင်း၊ အမွေခံတစ်ယောက် အမေပေးသူတစ်ရာ၊ သူတို့ရေးတဲ့ပေးစာများအကြောင်း၊ ဆရာမ နုနုကြည်(အမေ့အိမ်)က အာစရိယပူဇော်ပွဲကအပြန်၊ ဆရာမတိုက်ကျွေးသော အားဆေးစကား၊ ဆရာနှင့်ပတ်သက်သည့်အတွေးများ၊ စာသင်ရာမှာရယ်မောစရာ၊ သူတို့ပြောတဲ့မြန်မာအကြောင်း၊ ဆရာစောနန်းမြေအောင်က ဆရာတပည့်ပုံရိပ်များ၊ အမိတက္ကသိုလ်ကပေးသောလက်ဆောင်၊ စာစီစာကုံးနှင့် ကိုယ်စွမ်းကိုယ်စ၊ ပညာတတ်ဖို့စာဖတ်ရမည်အကြောင်းများ၊ ဆရာမင်းမြတ်မိုး(မန်းမြေ)က ဖတ်စာကဗျာကြည်နူးစရာ၊ သူငယ်တန်းဖတ်စာထဲက ပျော်စရာကဗျာလေးများ အစရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာသူများက မိဘဝတ်၊ တပည့်ဝတ်၊ လူငယ်များအတွက် ပညာစာစုများအကြောင်းကို အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)