ရမ်းဗြဲ ဇူလိုင် ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်းပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်(၉)နာရီအချိန်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လက်ပန်အညာကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ကွင်းဆင်းပြီး ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေး၊ စည်းရုံးရေးကိစ္စများစသည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန် လာရောက်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စစ်ကြောင်း(၅)ကြောင်းပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိမိတို့ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင် ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ ကျေးရွာသူ ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းထိုင်ဆရာတော်နှင့် ကျေးရွာသူကျေးရွာသားများအား ခေါက်ဆွဲခြောက်ထုပ်များ၊ ရှမ်းရိုးမအကြောဖြေလိမ်းဆေးများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အောင်တင်ကြည်(ပြန်/ဆက်)